၃၀ ဇန်နဝါရီ

 

ကနေဒါနိုင်ငံကို ရောက်လာသူတိုင်း ဟိုတယ် quarantine နေထိုင်ရမည်ဖြစ်ပြီး အဲဒီကုန်ကျစရိတ်ကိုလည်း ခရီးသည်က ကုန်ကျခံရမှာဖြစ်ကြောင်း ဝန်ကြီးချုပ် ဂျက်စတင် ထရူဒိုး က သောကြာနေ့မှာ ပြောကြားလိုက်ပါတယ်။

 

ကနေဒါလေကြောင်းလိုင်းက မက္ကဆီကိုနဲ့ ကရစ်ဘီယန်ဒေသတွေကို သွားမယ့် ခရီးစဉ်တွေ ဧပြီလကုန်အထိ ရပ်ဆိုင်းလိုက်တာကိုတွေ့ရပါတယ်။

 

ကူးစက်နှုန်း မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် မူကွဲပိုးတွေ နိုင်ငံမှာ ကူးစက်မှာကို စိုးရိမ်မှုတွေ ရှိလာပြီးနောက် အခုလို စည်းမျဉ်းတွေ ချမှတ်လာတာဖြစ်ပါတယ်။

 

ဝန်ကြီးချုပ်က ဟိုတယ် quarantine ၃ ရက်ကို ကိုယ့်စားရိတ်နဲ့ ကိုယ်နေထိုင်ပြီးနောက်ပြီး ရောဂါပိုး စစ်ဆေးရာတွင် ပိုးမတွေ့ရှိပါက ဟိုတယ် quarantine ကနေ မိမိတို့နေအိမ် quarantine တွင် ၁၁ ရက် နေထိုင်ရမှာဖြစ်ပါတယ်။ တကယ်လို့ ရောဂါပိုးတွေ့ရှိခဲ့မယ်ဆိုရင် အစိုးရက သတ်မှတ်ထားတဲ့ quarantine စင်တာကို ပြောင်းရွှေ့နေထိုင်ရမှာ ဖြစ်ကြောင်း ရှင်းပြပါတယ်။

 

ကနေဒါနိုင်ငံကို မလာခင် PCR စနစ်နဲ့ စစ်ဆေးထားတဲ့ ဗိုင်းရပ်စ်ပိုးကင်းစင်ကြောင်း လိုအပ်မယ်၊ အဲဒီ လိုအပ်ချက်ဟာ လာမယ့်သီတင်းပတ်အတွင်းမှာ စတင်မယ်လို့ သိရပါတယ်။

 

ကနေဒါလေကြောင်းလိုင်း၊ WestJet လေကြောင်းလိုင်း၊ Sunwing လေကြောင်းလိုင်း နဲ့ Air Transat လေကြောင်းလိုင်းတွေက တနင်္ဂနွေနေ့ (ဇန်နဝါရီ ၃၁ ရက်နေ့) က စပြီး မက္ကဆီကိုနဲ့ ခရစ်ဘီယန် ဒေသတွေကို ပျံသန်းခြင်း ရပ်ဆိုင်းမယ်လို့ သိရပါတယ်။

 

နိုင်ငံရဲ့ အကြီးဆုံး လေကြောင်းလိုင်း နှစ်ခုဖြစ်တဲ့ ကနေဒါလေကြောင်းလိုင်းနဲ့ WestJet လေကြောင်းလိုင်းတွေက ဒေသ ၁၅ ခုကို ပျံသန်းခြင်းအား ရက်ပေါင်း ၉၀ ရက်ဆိုင်းထားမှာဖြစ်ပါတယ်။

 

အမေရိကန်နိုင်ငံကနေ ကနေဒါနိုင်ငံကို အရေးကြီးကိစ္စနဲ့ လာရောက်မယ့်သူတိုင်း ဗိုင်းရပ်စ်ပိုး ကင်းစင်ကြောင်း လိုအပ်ပြီး ၁၄ ရက် quarantine နေထိုင်ရန် လိုအပ်ကြောင်း သိရပါတယ်။

 

ကနေဒါနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ စုစုပေါင်း ၇၇၀,၇၉၃ ဦးနဲ့ သေဆုံးသူ ၁၉,၈၀၁ ဦး ရှိကြောင်းနောက်ဆုံးထုတ်ပြန်ချက်အရ သိရပါတယ်။

 

MDN

ကိုးကား - AFP