ဖေဖော်ဝါရီ ၁
ကနေဒါဝန်ကြီးချုပ် ဂျပ်စတင်ထရူးက ယနေ့မနက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး အခြေအနေကောင်းမွန်ကြောင်းနှင့် ယခုသီတင်းပတ်အတွင်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ အလုပ်များကို အဝေးမှပင် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း တွစ်တာတွင် ယမန်နေ့က ရေးသားထားသည်။
ဂျပ်စတင်က ပြည်သူများအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုခံယူကြရန် တိုက်တွန်းပြောကြားထားသည်။
နိုင်ငံတစ်ဝန်းတွင် အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကူးစက်မှုများဖြစ်ပွားလျက်ရှိရာ ယမန်နှစ် ဒီဇင်ဘာ ၃၀ က ကိုဗစ်ရောဂါထပ်မံကူးစက်ဖြစ်ပွားသူ ၅၄၀၀၀ ကျော် စံချိန်တင်မြင့်တက်ခဲ့သည်။ နောက်တစ်လအကြာတွင် ကိုဗစ်ရောဂါနေ့စဉ်ကူးစက်မှု ၉၀၀၀ ခန့်လျော့ကျခဲ့သည်။
ကနေဒါနိုင်ငံတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုနှုန်းမြင့်မားလာသည်။ အသက်ငါးနှစ်နှင့်အထက်အရွယ် ကိုဗစ်ကာကွယ်ဆေးအနည်းဆုံးတစ်ကြိမ်ထိုးနှံမှုခံယူပြီးသူ ၈၀ ရာခိုင်နှုန်းအထက်ရှိသည်။
ဂျပ်စတင်သည် ပြီးခဲ့သည့်လက ကိုဗစ်ရောဂါကာကွယ်ဆေးအပိုဆောင်းထိုးနှံမှုခံယူခဲ့သည်။
ကိုးကား-အန်ချ်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို