(၁၁-၁၀-၂၀၂၀ ရက်၊ ကင်ဘာရာ)

 

၁။ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင် ဆန္ဒမဲ ပေးခြင်းကို မြန်မာသံရုံး၊ ကင်ဘာရာမြို့တွင် ၁၀-၁၀-၂၀၂၀ ရက်နေ့မှ စတင်ပြုလုပ်ခဲ့ပြီး ယနေ့ ဒုတိယနေ့ အဖြစ် ၁၁-၁၀-၂၀၂၀ နေ့တွင် နံနက် (၀၈၀၀) နာရီမှ ညနေ (၁၇၀၀) နာရီအထိ ဆက်လက် ပြုလုပ်ခဲ့ရာ သြစတြေးလျနိုင်ငံရှိ ကင်ဘာရာမြို့နှင့် နယူးဆောက်လ် ဝေးလ် ပြည်နယ်များတွင် နေထိုင်လျက်ရှိသော မဲဆန္ဒရှင် (၄၃) ဦး ကင်ဘာရာမြို့၊ မြန်မာသံရုံး မဲရုံသို့ လာရောက်၍ ကြိုတင်ဆန္ဒမဲ ပေးခဲ့ ကြပါသည်။

 

၂။ Victoria ပြည်နယ်၊ မဲလ်ဘုန်းမြို့တွင် ၁၂-၁၀-၂၀၂၀ ရက်နေ့နှင့် ၁၃-၁၀-၂၀၂၀ ရက်နေ့တို့တွင် မဲရုံဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း သိရှိရပါသည်။

 

Crd>Ministry of Foreign Affairs Myanmar