နေပြည်တော် ၃ မေ
အသက်ကြီးလာသောအခါ ကင်ဆာဖြစ်စေသော မျိုးဗီဇများ ထကြွလာခြင်းကြောင့်လည်းကောင်း၊ ကင်ဆာ မဖြစ်စေသော မျိုးဗီဇများအားနည်းလာခြင်းကြောင့်လည်းကောင်း၊ မိမိသက်တမ်းတလျှောက် ကြုံတွေ့၊ သုံးစွဲခဲ့သော ကင်ဆာဖြစ်စေသည့် အကြောင်းအရာများကြောင့်သော်လည်းကောင်း ကင်ဆာပိုမိုဖြစ်လာနိုင်ပါသည်။ အသက် (၇၅) နှစ် အရွယ်တွင် ကင်ဆာရောဂါဖြစ်ပွားနိုင်မှုသည် အသက်(၂၅) နှစ်အရွယ်ထက်စာလျှင် အဆ(၁၀ဝ) ဖြစ်ပွားနိုင်နှုန်းရှိပါသည်။
ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်မည့် နည်းလမ်းများ
• အရက်ဖြတ်ခြင်း၊ ဆေးလိပ်ဖြတ်ခြင်းနှင့် ကွမ်းဖြတ်ခြင်း
• ကွမ်းမစားခြင်း
• အသီးအရွက်များ များများစားခြင်း
• လေ့ကျင့်ခန်း မှန်မှန်ပြုလုပ်ခြင်း
• သင့်တင့်လျောက်ပတ်၍ ဘေးမဖြစ်စေသော အစားအစာစားသုံးခြင်းတို့ ပြုလုပ်ရပါမည်။
နှလုံးရောဂါနှင့် သက်ကြီးဘိုးဘွား
ရင်ဘတ်အောင့်ခြင်း၊ ရင်တွင်းလေးလံလာခြင်း၊ အသက်ရှုမဝခြင်း၊ ဘယ်ဘက်လက်မောင်း အောင့်လာခြင်း၊ ကျဉ်လာခြင်း၊ လည်ပင်းနှင့် မေးစေ့တဝိုက်တွင် ကျဉ်လာခြင်းတို့သည် နှလုံးသွေးကြောကျဉ်းရောဂါ၏ လက္ခဏာများဖြစ်ပါသည်။
• နှလုံးသွေးကြောကျဉ်းရောဂါ ကာကွယ်နိုင်မည့် နည်းလမ်းများ
• ဆေးလိပ်/ ဆေးရွက်ကြီးကို မသောက်ပါနှင့်၊ မစားပါနှင့်။
• ဆီးချိုရောဂါ၊ သွေးတိုးရောဂါ ခံစားနေရပါက စနစ်တကျ ဆေးဝါးကုသမှုခံယူပါ။
• အဆီများလွန်းသောအစာ၊ အငန်များလွန်းသောအစာများနှင့် အချိုများစွာစားသုံးခြင်းတို့ကို ရှောင်ကြဉ်ပါ။
• လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။
• ဘာသာတရားကို ကျင့်ကြံအားထုတ်ပါ။
ယခုဖော်ပြချက်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေး အသိပညာ မြှင့်တင်ရေးဌာနနှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့တို့ ပူးပေါင်းထုတ်ဝေသည့် ကျန်းမာရေးဆိုင်ရာ စံပြုအချက်အလက်များ စာအုပ်မှ ကူးယူဖော်ပြပါသည်။
MDN