စေတုတ္တရာ ၁၄ မတ်
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စေတုတ္တရာမြို့နယ် တယ်ဇားအုပ်စုရှိ ကျေးရွာများ ကွင်းဆင်းတီဘီရှာဖွေဖော်ထုတ်ကုသပေးခြင်းကို တယ်ဇားကျေးရွာတွင် ယနေ့နံနက် ၈ နာရီ အချိန်က အခမဲ့ကုသခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးကြည့်ရှုရာတွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်း ကွင်းဆင်းတီဘီရောဂါရှာဖွေကုသရေးအဖွဲ့ ဒေါက်တာသဉ္ဇာမင်း ဦးဆောင်သော အဖွဲ့ဝင် (၁၂)ဦးအဖွဲ့နှင့် မြို့နယ်ကျေးလက်ကျန်းမာရေးဌာနမှဝန်ထမ်းများက မိဘပြည်သူများအား ကွင်းဆင်းတီဘီရောဂါရှာဖွေဖော်ထုတ်ရန်အတွက် အဆင့်မြင့်ဓါတ်မှန် စက်ကြီးများနှင့် အခမဲ့ဓါတ်မှန်ရိုက်ပေးခြင်း၊ အခမဲ့ သလိပ်စစ်ဆေးပေးခြင်းအပြင် အထွေထွေရောဂါများကိုလည်း လိုအပ်သလို အခမဲ့ကုသပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပေါက်ပေါက်(ပြန်/ဆက်)