၁၁ မတ်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း၏ အစ်ကိုတစ်ဝမ်းကွဲတော်စပ်သူအား သတ်ဖြတ်သည်ဟု စွပ်စွဲခံရ သူ အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးအား စွဲချက်တင်ထားသည့်အမှုကို မလေးရှားတရားရုံးတစ်ရုံးက ရုတ်သိမ်း လိုက်ပြီဖြစ်သည်။
တရားရုံးက ယနေ့တွင် အစိုးရရှေ့နေများ၏ တောင်းဆိုချက်ကို လက်ခံခဲ့သော်လည်း မည်သို့သော အကြောင်းအရာကြောင့် အမှုရုတ်သိမ်းခဲ့သည်မှာ မရှင်းလင်းပေ။
စီတီအက်ယာသည် တရားရုံးမှထွက်ခွာသွားပြီးနောက် အင်ဒိုနီးရှားသံရုံသို့ သွားရောက်ခဲ့ကြောင်း သူမ၏ ရှေ့နေ့က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်အတွက် အလွန်ပင် ကျေးဇူးတင်ရှိကြောင်း၊ စီတီအက်ယာမှာ ခုတုံးလုပ်ခံခဲ့ရခြင်းဖြစ်သည် ဟု ယုံကြည်ကြောင်း သူမ၏ ရှေ့နေ့က ပြောကြားသည်။
၂၀၁၇ ခုနှစ်အတွင်း ကွာလာလမ်ပူလေဆိပ်၌ အာရုံကြောထိခိုက်စေသည့် အဆိပ်ဖြင့် ကင်ဂျုံနမ်၏ မျက်နှာကို စီတီနှင့် ဗီယက်နမ်နိုင်ငံသူ ဒွန်သီဟောင်က တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည်။ အဆိုပါ သတ်ဖြတ်မှုတွင် မြောက်ကိုရီးယားလူမျိုး လေးဦးလည်းပါဝင်ခဲ့သော်လည်း မလေးရှားနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့သည်ဟု ရဲတပ်ဖွဲ့ကဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်