၄ မေ
အများပြည်သူမြင်ကွင်းမှ လဝက်ကျော်ကြာ ပျောက်ကွယ်နေသည့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းမှာ အသက်ရှင် ကျန်းမာလျက်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက ပြောကြားခဲ့သည်။
တနင်္ဂနွေနေ့က ABC သတင်းဌာနသို့ ပွန်ပီယိုက ပြောကြားခဲ့ခြင်းဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် ပြီးခဲ့သည့် အပတ်က ဓာတ်မြေဩဇာစက်ရုံ ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
အဆိုပါ သတင်းတွင် ကင်ဂျုံအန်း၏ ဓာတ်ပုံများနှင့် ဗွီဒီယိုများ ပါဝင်သည်။
ကင်ဂျုံအန်း၏ ကျန်းမာရေးအခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်မှတ်ချက်ပေးရန် ပြောဆိုမှုအပေါ် ပွန်ပီယိုက ငြင်းဆိုခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံသားများ၏ တောက်ပသည့် အနာဂတ်ကို ဖန်တီးရန်အတွက် မြောက်ကိုရီးယား နိုင်ငံအား နျူကလီးယားလက်နက်များစွန့်လွှတ်ရန်နှင့် နျူလက်နက်ဖျက်သိမ်းရေးကို အတည်ပြုရန် အမေရိကန်ပြည်ထောင်စု၌ အစီအစဉ်များ ရှိသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့က နယ်စပ်ဂိတ်အနီးတွင် တောင်ကိုရီးယားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ကြား အပြန်အလှန်ပစ်ခတ်မှု လေးကြိမ်ဖြစ်ပွားခဲ့ခြင်းကို ပွန်ပီယိုက ရည်ညွှန်းပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ ပစ်ခတ်မှုအတွင်း ထိခိုက်ရသူမရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပစ်ခတ်မှုသည် မတော်တဆပစ်ခတ်မှုဟု တွေးထင်ကြောင်း ပွန်ပီယိုက ပြောကြားခဲ့သည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်