ဂျီနီဗာ   ဇန်နဝါရီ   ၂၄

ကွန်ဂို   ဒီမိုကရက်တစ်သမ္မတနိုင်ငံ   (ဒီအာကွန်ဂို)၊ အိမ်နီးချင်း     တန်ဇန်းနီးယားနှင့်     ဆိုမာလီ နိုင်ငံတို့တွင် ကြောက်မက်ဖွယ်ရေကြီးမှုကြောင့်   ဖြစ်ပေါ်လာသည့်      နောက်ဆက်တွဲ ကျန်းမာရေး ဆိုးကျိုးများနှင့်     ရင်ဆိုင်နေရသည်ဟု  ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူက   ဇန်နဝါရီ     ၂၃    ရက် တွင် ပြောသည်။

အရေးပေါ်အကူအညီများလိုအပ်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ပြည်နယ် ၂၆ခုမှာ ဘေးဒုက္ခခံစားနေရပြီး အိမ်ထောင်စုပေါင်း ၄၀၀၀၀၀ မှာ အရေးပေါ်အကူအညီများ  လိုအပ်လျက် ရှိသည်ဟု ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ် အန်တိုနီယိုဂူတာရက်ဇ်၏  ပြောရေးဆိုခွင့်ရှိသူ စတက်ဖိန်းဒူဂျာရစ်က ပြောသည်။

ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၇၀ ရှိ

ကုလသမဂ္ဂနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအဖွဲ့အစည်းများသည်  ကွန်ဂိုအာဏာပိုင် များနှင့်ပူးပေါင်းကာ အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်များ တိုးတက်လာစေရေးနှင့်      အရေးပေါ် ကျန်းမာရေးဆိုင်ရာပြဿနာများ လျော့ပါးစေရေး ကြိုးပမ်းလျက်ရှိသည်ဟု ၎င်းကဆက်ပြောသည်။ အလားတူ ဆိုမာ လီယာနိုင်ငံတွင်လည်း ကာလဝမ်းရောဂါဖြစ်ပွားသူ ၄၇၀ ရှိပြီး သေဆုံးသူ ကိုးဦး ရှိသည်။

လူပေါင်း ၁၄၀ ဒဏ်ရာရရှိခဲ့

တန်ဇန်းနီးယားနိုင်ငံတွင်လည်း ရေကြီးမှုကြောင့် လူပေါင်း ၁၄၀ ဒဏ်ရာရရှိခဲ့ကာ ၇၆၀ မှာ နေရပ် စွန့်ခွာခဲ့ရသည်။ ဆိုမာလီယာနိုင်ငံတွင် ကာလဝမ်းရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါများ     ပျံ့နှံ့ နေသည်ဟု ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးက သတိပေးထား သည်။

၄၄  ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိ

ပြီးခဲ့သည့်နှစ်က ဆိုမာလီရှိ လူပေါင်း ၇ ဒသမ ၆ သန်းကို  အကူအညီပေးရန်  အမေရိကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ အကူအညီတောင်းခံခဲ့ရာ ၄၄  ရာခိုင်နှုန်းသာ ရန်ပုံငွေရရှိခဲ့သည်။ တန်ဇန်နီးယား နိုင်ငံတွင်လည်း    လတ်တလောကြုံတွေ့နေရသည့် ရေကြီးမှုကိုတုံ့ပြန်ရန် ကုလသမဂ္ဂအဖွဲ့များက အစိုးရကို အကူအညီပေးလျက်ရှိသည်။

ဆင်ဟွာ