ဂိုမာ၊ အောက်တိုဘာ ၄

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အရှေ့ပိုင်းရှိ ကီဗူရေကန်တွင် အောက်တိုဘာ ၃ ရက်က ကူးတို့ရေယာဉ် တိမ်းမှောက်မှုဖြစ်ပွားရာ လက်ရှိအချိန်အထိ အနည်းဆုံး ၈၇ ဦး သေဆုံးကြောင်း ဒေသခံတာဝန်ရှိသူများက ပြောကြားသည်။

 

တောင်ပိုင်းကီဗူပြည်နယ် မီနိုဗာမြို့မှ ထွက်ခွာလာသည့် ၎င်းရေယာဉ်သည် ကီဗူဒေသမြောက်ပိုင်း ကီဗူပြည်နယ်မြို့တော် ဂိုမာအနီးရှိ ကီဗူရေကန်တွင် တိမ်းမှောက်နစ်မြုပ်သွားခဲ့သည်။ ဒေသန္တရအစိုးရအဖွဲ့၏ မှတ်တမ်းအရ ကူးတို့ရေယာဉ်ပေါ်ရှိ ခရီးသည် ၇၈ ဦးပျောက်ဆုံးနေဆဲဖြစ်ပြီး အသက်ရှင်ကျန်ရစ်သူ ကိုးဦးအား ဆေးဝါးကုသနိုင်ရန် ဆေးရုံသို့ပို့ဆောင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ရေယာဉ်ပေါ်တွင် စီးနင်းလာသည့် ခရီးသည်အရေအတွက်ကို မသိရှိရသေးကြောင်းနှင့် ခရီးသည်အဆမတန်တင်ဆောင်မှုကြောင့် တိမ်းမှောက်ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ ၎င်းရေကန်တွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် ခရီးသည်အဆမတန် တင်ဆောင်လာသည့် ရေယာဉ်များကြောင့် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - စိုးသူရ