ကင်ရှာဆာ အောက်တိုဘာ ၂၉
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (ဒီအာရ်စီ)တွင် လူပေါင်း ၂၅ ဒသမ ၆ သန်းခန့် သို့မဟုတ် နိုင်ငံ့ လူဦးရေ၏ ၂၂ ရာခိုင်နှုန်းမှာ စားရေရိက္ခာမလုံလောက်မှုနှင့် အလွန်အမင်းကြုံတွေ့နေရကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(အက်ဖ်အေအို)က အောက်တိုဘာ ၂၈ ရက်တွင် ပြောသည်။
အထိခိုက်ခံရဆုံးသူများမှာ အဓိကအားဖြင့် နေရပ်စွန့်ခွာသူများနှင့် နေရပ်ပြန်သူများဖြစ်ကြောင်း ယင်းအဖွဲ့က ပြောသည်။ စားရေ ရိက္ခာမလုံလောက်မှုသည် လာမည့်နှစ် ပထမနှစ်ဝက်တွင်လည်း လက်ရှိအခြေအနေကဲ့သို့ပင် ဆက်လက်ဆိုးရွားနေဖွယ်ရှိကြောင်း ကုလသမဂ္ဂအေဂျင်စီက ခန့်မှန်း ထားသည်။
လက်နက်ကိုင်အကြမ်းဖက်မှုများက ကျေးလက်လူနေမှုဘဝများနှင့် အခြေခံအဆောက်အအုံများကို ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုဖြစ်ပွားစေကာ မရှိမဖြစ်လိုအပ်သော စိုက်ပျိုးရေးထုတ်လုပ်မှု လုပ်ငန်းစဉ်ကိုလည်း အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့သည်။
လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဘေးအန္တရာယ်များကြောင့် ပြည်တွင်းနေရပ်စွန့်ခွာသူပေါင်း ခုနစ်သန်းနီးပါးရှိသည်ဟု ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဆင်ဟွာ