မေ ၁၂

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံအရှေ့ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုတို့ ဖြစ်ပွားသဖြင့် ရွာသား ၄၃၈ ဦး သေဆုံးခဲ့ကြောင်း အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦး၏ ပြောကြားချက်ကိုကိုးကားပြီး ဒေသတွင်းမီဒီယာက ယမန်နေ့က ဖော်ပြထားသည်။

 

အဆိုပါမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားသဖြင့် တောင်ကီဗူပြည်နယ်တွင် ရွာသားနှစ်ဦး၊ နာမူကူဘီနှင့် ဘူချူချူပြည်နယ်တို့တွင် အများအပြားသေဆုံးခဲ့ကြောင်း နောက်ဆုံးတရားဝင်ထုတ်ပြန်ချက်အရ သိရသည်။

 

ထိုရေဘေးကြောင့် ပျောက်ဆုံးနေသူအရေအတွက်ကို မသိရှိရသေးကြောင်း ပြောရေးဆိုခွင်ရှိသူတစ်ဦးက ပြောကြားသည်။

 

ဗဟိုအစိုးရက မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းများကိုဝိုင်းဝန်းကူညီလုပ်ဆောင်ရန် ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို စေလွှတ်ခဲ့သည်ဟု သိရသည်။

 

လွန်ခဲ့သောသီတင်းပတ်မှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားသဖြင့် ဒေသခံများ သေဆုံးခဲ့ကြသည်။

 

ကုလသမဂ္ဂ၏ပြောကြားချက်အရ နေအိမ်အလုံး ၃၀၀၀ နီးပါးထိခိုက်ခဲ့ပြီး ၁၂၀၀ နီးပါး လုံးဝပျက်စီးသွားခဲ့သည်ဟု သိရသည်။

 

ဒေသတွင်းအာဏာပိုင်များ၏ခန့်မှန်းတွက်ချက်မှုအရ လူ ၅၀၀၀ ကျော် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို