မေ ၉

 

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် ရေကြီးရေလျှံမှုများဖြစ်ပွားမှုများကြောင့် သေဆုံးသူဦးရေ ၄၀၀ အထက်ရှိလာသဖြင့် အသက်ရှင်ကျန်ရစ်သူများသည် ဝမ်းနည်းပူဆွေးသောကရောက်နေကြောင်း သိရသည်။

 

အဆိုပါရေကြီးရေလျှံမှုသည် နိုင်ငံ၏သမိုင်းတွင် လူအသေအပျောက်အများဆုံးဖြစ်သော သဘာဝဘေးကြီးဖြစ်သည်။

 

မေလ ၄ ရက်နေ့က နိုင်ငံအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့သည်။

 

တောင်ကီဗူပြည်နယ်တွင် မြစ်ကမ်းပါးများပြိုကျခဲ့ကြောင်း မီဒီယာများတွင် ဖော်ပြထားသည်။

 

ရုတ်တရက်မြေပြိုမှုများကြောင့် လူနေအိမ်များနှင့် စာသင်ကျောင်းများ ပျက်စီးသွားခဲ့သည်။

 

လူပေါင်းရာနှင့်ချီ၍ ပျောက်ဆုံးနေဆဲဖြစ်သည်။ ကုလသမဂ္ဂကျွမ်းကျင်သူများက ရာသီဥတုပြောင်းလဲမှုသည် အာဖရိကတွင် မိုးများမကြာခဏဆိုသလို ပိုမိုရွာသွန်းစေသည်။

 

အိမ်နီးချင်း ရဝမ်ဒါနှင့် ယုဂန္ဓာနိုင်ငံတို့တွင်လည်း မိုးသည်းထန်စွာရွာသွန်းသဖြင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ လူ ၁၃၀ သေဆုံးခဲ့သည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို