၅ ဇွန်
အစိုးရနှင့် ပြည်သူ့စစ်များအကြား ရုန်းကန်နေရသည့် ကွန်ဂိုဒီမိုကရစ်သမ္မတနိုင်ငံ၏ ဗဟိုဖြစ်သည့် အာဖရိကနိုင်ငံတွင် အီဘိုလာရောဂါ ထပ်မံဖြစ်ပွားခဲ့သည်။
ကွန်ဂိုနိုင်ငံ၏ အနောက်မြောက်ပိုင်း အီကွေတာတွင် တနင်္လာနေ့အတွင်းက အီဘိုလာရောဂါ ကူးစက်ခံရသူပေါင်း ခြောက်ဉီးရှိကြောင်း အစိုးရက အတည်ပြုပြောကြားခဲ့သည်။
၎င်းတို့ထဲက လေးဉီးမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါ ဖြစ်ပွားနေချိန်တွင် အီဘိုလာရောဂါ ဖြစ်ပေါ်မှုမှာ စိန်ခေါ်မှု ရှိသည့် အဖြစ်အပျက်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာဖရိက ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ မတ်ရှိရှီဒီဆို မိုတီက ဇွန်လ ၃ ရက်နေ့က သတင်းထောက်များကို ပြောကြားခဲ့သည်။
တနင်္လာနေ့က ကွန်ဂိုနိုင်ငံ၏ အဓိကမြို့တော်ဖြစ်သည့် ကင်ရှာဆာတွင် ကိုရိုနာဗိုင်းရပ်စ် အတည်ပြုလူနာ ၃၁၉၅ ဉီး ရှိပြီဖြစ်သည်။
ခုနှစ်နှစ်ဉီး သေဆုံးသွားပြီဖြစ်သည်။
လွန်ခဲ့သော ၂ နှစ်က မြောက်ပိုင်းကီဗူ အရှေ့ပိုင်းနှင့် ကွန်ဂိုရှိ အခြားပြည်နယ်များတွင် စတင်ခဲ့သည့် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် ၎င်း၏ နောက်ဆုံးအဆင့်ဖြစ်သည်ဟု ယုံကြည်ရသည် ဟု ဆိုသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ခန့်မှန်းချက်အရ အီဘိုလာရောဂါကြောင့် ယခုအချိန်အထိ လူပေါင်း ၂၂၈၀ သေဆုံးခဲ့သည်ဟု ဆိုသည်။
ကိုးကား-အန်အိတ်ချ်ကေ
ဘာသာပြန်-မေဇော်ထက်