မန်စီးတီးကွင်းလယ်ကစားသမား   ဖီးလ်ဖိုဒင်သည် အီတီဟက်တွင်  ၂၀၃၀ ပြည့်နှစ်အထိရှိမည့်   လေးနှစ်သက်တမ်းတိုး   စာချုပ်တစ်ရပ်ကို  ချုပ်ဆိုလိုက်ပြီဖြစ် ကြောင်း သိရသည်။ 

အသက် ၂၆ နှစ်အရွယ် ဖိုဒင်၏  ယခင်စာချုပ်သက်တမ်းမှာ  လာမည့်နွေရာသီတွင် ကုန်ဆုံးတော့ မည်ဖြစ်သော်လည်း နည်းပြသစ် အန်ဇိုမာရက်စ်ကာ လက်အောက်တွင်  ယခုလို  သက်တမ်းတိုးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် နည်းပြဟောင်း ဂွါဒီယိုလာ လက်ထက် အသက် ၁၇ နှစ်အရွယ် တွင် ပွဲဦးထွက်ကစားခွင့်ရရှိခဲ့ပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၆၉ ပွဲ ပါဝင်ကစားထားကာ ပရီမီယာလိဂ်ဖလား ခြောက်ကြိမ်၊ ချန်ပီယံလိဂ်ဖလားတစ်ကြိမ်နှင့် အက်ဖ်အေဖလား  နှစ်ကြိမ်  ဆွတ်ခူးရရှိအောင် စွမ်းဆောင်ထားသည်။      

၎င်းသည် ပြီးခဲ့သည့်ရာသီ ပရီမီယာလိဂ် ၃၃ ပွဲတွင် မန်စီးတီးအသင်းအတွက် ခုနစ်ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ငါးကြိမ်ပြုလုပ်ထားသည်။

အောင်ဇော်