ကင်မရွန်း ကူးတို့လှေ တိမ်းမှောက် သုံးဦးသေဆုံး၊ ခုနှစ်ဦး ပျောက်ဆုံး

၂၇ သြဂုတ်

ကင်မရွန်း အနောက်တောင်ဘက် ကမ်းရိုးတန်း ဘာကာစီ ကျွန်းဆွယ်တွင် တနင်္ဂနွေနေ့ ညပိုင်းက ကူးတို့တစ်စီး တိမ်းမှောက်ခဲ့ပြီးနောက် သုံးဦးသေဆုံးခဲ့ပြီး ခုနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကင်မရွန်း ရေတပ်တာဝန်ရှိသူများ ပြောကြားချက်အရ သိရသည်။

အဆိုပါ ကူးတို့လှေ တိမ်းမှောက်ရာမှ ၁၀၇ ဦး  ကယ်ဆယ်နိုင်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့သော အလောင်း သုံးလောင်း ဆယ်ယူနိုင်ခဲ့ကြောင်း တနဂငေ်္နွနေ့က ကယ်ဆယ်ရေး နှင့် ရှာဖွေရေးလုပ်ဆောင်နေသော ကင်မရွန်းရေတပ် ဒုတိယ ဗိုလ်မှူးကြီး အီမန်နျူရယ် ဆုန် က သတင်းထောက်များကို ယမန်နေ့ညနေပိုင်းက ပြောကြားခဲ့သည်။

ဆုန် ၏ ပြောကြားချက်အရ ထိုလှေပေါ်တွင် ၁၁၇ ဦး ပါရှိပြီး ပျောက်ဆုံးနေသူ ခုနှစ်ဦးမှာ ယင်းလှေပေါ်တွင် ပိတ်မိနိုင်ကြောင်း သိရသည်။

သို့သော်လည်း ကင်မရွန်းအမျိုးသားရေးရုပ်မြင်သံကြား စီအာတီဗွီက ခရီးသည် ၄၀ ဦး ပျောက်ဆုံးနေသည်ဟု ယမန်နေ့ညနေပိုင်းက ပြောကြားခဲ့သည်။

ကယ်ဆယ်ခဲ့သောခရီးသည် ရှစ်ဦးခန့်မှာ ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး ကင်မရွန်း အနောက်တောင်ပိုင်း ပင်လယ်အပန်းဖြေစခန်းမြို့တွင် ဆေးကုသမှုခံယူနေကြောင်း ဆုန်က ပြောကြားခဲ့သည်။

ထိုလှေမှာ ကျောက်ဆောင်နှင့်တိုက်မိပြီးနောက် တိမ်းမှောက်သွားခြင်း (သို့မဟုတ်) ရာသီဥတုဆိုးရွားမှုကြောင့် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်ဟု Achouka  တာဝန်ရှိသူများက အခိုင်အမာပြောကြားခဲ့သော်လည်း ထိုလှေမှာ မတန်တဆ ဝန်တင်မှုကြောင့် တိမ်းမှောက်ခြင်းဖြစ်သည်ဟု ပြစ်တင်ဝေဖန်ခဲ့သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို