ကင်မရွန်း၏ဝေးကွာသော မြောက်ပိုင်းဒေသတွင် ခရီးသည် တစ်ဒါဇင် ပြန်ပေးဆွဲခံရ

၂၁ သြဂုတ်


ကင်မရွန်း၏ ဝေးကွာသောမြောက်ပိုင်းဒေသတွင် ယမန်နေ့မွန်းလွဲပိုင်းက ခရီးသည်တစ်ဒါဇင်ကို အမည်မသိသေနတ်သမားများက ပြန်ပေးဆွဲခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များအရ သိရသည်။


၎င်းတို့သည် ထိုဒေသ၏ ချာရီ နှင့် လိုဂွန်း နယ်မြေဖြစ်သည့် ဒါဘန်ဂါ ရှိ အဝေးပြေးလမ်းမတစ်လျှောက်တွင်   ပြန်ပေးဆွဲခံရခြင်းဖြစ်ကြောင်း ဒေသတာဝန်ရှိသူများက ပြောကြားခဲ့သည်။


ခရီးသည်များ ဘေးမသီရန်မခ ပြန်လွှတ်ရန် ကင်မရွန်းစစ်တပ်က ကယ်ဆယ်ရေးမစ်ရှင် တစ်ခု လုပ်ဆောင်နေကြောင်း ဒေသခံရဲတပ်ဖွဲ့ ပြောကြားချက်အရ သိရသည်။


အဆိုပါ ပြန်ပေးဆွဲမှုအတွက် မည်သည့်လက်နက်ကိုင်အုပ်စုကမှ  ဝန်ခံပြောကြားခြင်း မရှိသော်လည်း ဘိုကိုဟာရမ် အကြမ်းဖက်အုပ်စု နှင့် အဝေးပြေးလမ်းမ လုယက်သူများသည် ထိုဒေသတွင် ယင်းသို့ ပုံမှန်လုပ်ဆောင်နေကြသည်ဟု သိထားကြသည်။


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို