ကင်မရွန်းနိုင်ငံ အနောက်ဘက်ဒေသကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွား ၂၂ ဦးသေဆုံး

၂၄ ဇွန် 

ကင်မရွန်းနိုင်ငံ အနောက်ဘက်ဒေသကြီးရှိ ဘာတိုင်-ဘာဟမ် လမ်းတွင် ဘတ်စ်ကားတစ်စီး ဘီးချော်ကာ ကုန်တင်ကားတစ်စီးနှင့် ခေါင်းချင်းဆိုင် တိုက်မိခဲ့ခြင်းကြောင်း လူ ၂၂ ဦး သေဆုံးခဲ့ပြီး အခြားအများအပြား ဒဏ်ရာရရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်ပွားခြင်းကြောင့် ၁၉ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး  အခြားသော သုံးဦးမှာ ဆေးရုံတွင် ဆေးကုသမှုခံယူရင်း သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ယင်းဒေသ အုပ်ချုပ်ရေးမှူး Augustine Awa Fonka က သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုဘတ်စ်ကား အပျက်အစီးအောက်တွင် ပိနေသည့် လူသေအလောင်းများ ရှိနေသေးသဖြင့် သေဆုံးသူဦးရေ တိုးလာဖွယ်ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

အရှိန်လွန်မောင်းနှင်မှု ၊ မဆင်မခြင် မောင်းနှင်မှုနှင့် လမ်းကောင်းမွန်မှု မရှိခြင်းတို့ကြောင့်  ကင်မရွန်းနိုင်ငံတွင် မကြာခဏ ယာဉ်မတော်တဆမှုများ အများအပြားဖြစ်ပွားကြောင်း ဖော်ပြထားသည်။

ကိုးကား- ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို