ယောင်ဒီ ဒီဇင်ဘာ ၁၂
ကင်မရွန်းနိုင်ငံရှိ လူပေါင်း ၂ ဒသမ ၉ သန်းကျော်မှာ ပဋိပက္ခများ၊ ထုတ်လုပ်နိုင်မှု အားနည်းခြင်း များနှင့် ရာသီဥတုပြောင်းလဲမှုများ ကြောင့် စားနပ်ရိက္ခာမဖူလုံမှုနှင့် ကြုံတွေ့နေရကြောင်း စိုက်ပျိုးရေး နှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ယခုနှစ် အောက်တိုဘာလမှ ဒီဇင်ဘာလအတွင်း ကင်မရွန်း နိုင်ငံရှိ လူပေါင်း ၂၉၄၀၈၀၇ ဦး သို့မဟုတ် နိုင်ငံ့လူဦးရေ၏ ၁၀ ဒသမ ၆ ရာခိုင်နှုန်းမှာ စားနပ် ရိက္ခာနှင့် အာဟာရမလုံလောက်မှုနှင့် ကြီးကြီးမားမားကြုံတွေ့နေရကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဂါဘရီရယ် အမ်ဘာ ရိုဘီက ဒီဇင်ဘာ ၁၁ ရက် ညပိုင်း က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
လာမည့်နှစ် ဇွန်လနှင့် ဩဂုတ်လကြားတွင် စားနပ် ရိက္ခာနှင့် အာဟာရမဖူလုံမှုနှင့် ရင်ဆိုင်နေရ သည့် အရေအတွက် ၂ ဒသမ ၅ သန်း ကျဆင်းသွားဖွယ်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကင်မရွန်းအစိုးရသည် သွင်းကုန်အစားထိုး လုပ်ဆောင်မှုကို မြှင့်တင်ခြင်းနှင့် စားနပ်ရိက္ခာ အကျပ်အတည်းကို လျော့ပါးသက်သာစေရန် စားနပ် ရိက္ခာထုတ်လုပ်မှု၏ ၈၀ ရာခိုင်နှုန်းရှိသော အသေးစားတောင်သူ လယ်သမားများထံ ထောက်ပံ့မှုကို ပံ့ပိုးပေးခြင်း ကဲ့သို့သော မူဝါဒအသစ်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ