၄ စက်တင်ဘာ

ကင်မရွန်းတွင် ပြီးခဲ့သည့် ငါးနှစ်အတွင်း သတ္တုတွင်းလုပ်ငန်းနေရာသစ် ၃၀ဝ ခန့် ရှာဖွေတွေ့ရှိခဲ့ကြောင်း ကင်မရွန်းနိုင်ငံ၏ သတ္တုတွင်း၊ စက်မှု နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီး ဂါဘရီရယ် ဒိုဒို က ယမန်နေ့က ပြောကြားခဲ့သည်။

သတ္တုတွင်းအသစ်များသည် ရွှေ မှသည် သွပ်၊ ရှားပါးမြေကြီး၊ ယူရေနီယံ၊ နီကယ်နှင့် မန်ဂနိ အထိ ပါဝင်ကြောင်း ကင်မရွန်းမြို့တော် ယောင်ဒီ တွင် တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့အထိ ကျင်းပခဲ့သော ကင်မရွန်း အပြည်ပြည်ဆိုင်ရာ သတ္တုတွင်းပြပွဲနှင့် ကွန်ဖရင့်၏ ၂၀၁၉ ခုနှစ် ထုတ်ပြန်ချက်၌ ဂါဘရီရယ် ဒိုဒို က ပြောကြားခဲ့သည်။

သတ္တုတူးဖော်ရေးကုမ္ပဏီများ၊ ပေးသွင်းသူများ၊ လွတ်လပ်စွာပြောဆိုခွင့် နှင့် ဆွေးနွေးပွဲ တို့ဖြင့် ယခုနှစ် ကုန်စည်ပြပွဲတစ်ခုကို ပြသမည်ဖြစ်သည်။ ပြပွဲတင်သူ ၁၀ဝ ကျော်က အဆိုပါ သုံးရက်ကြာကျင်းပသော ကုန်စည်ပြပွဲကာလအတွင်း သတ္တုတွင်း စက်မှုလုပ်ငန်းများအတွက် နောက်ဆုံးပေါ် နည်းပညာ နှင့် ပစ္စည်းကိရိယာများ မိတ်ဆက်ပေးမည် ဖြစ်သည်။

ကိုးကား - ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို

 

mdn