နိုင်ရိုဘီ ဇန်နဝါရီ ၂၂
ကင်ညာနိုင်ငံတွင် စားရေရိက္ခာမလုံလောက်သူနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီ လိုအပ်သူ အရေအတွက်မှာ ၁ ဒသမ ၈ သန်း ရှိကြောင်း အမျိုးသားမိုးခေါင်ရေရှားမှုဆိုင်ရာ စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (အင်န်ဒီအမ်အေ) က ဇန်နဝါရီ ၂၁ ရက်တွင် ပြောသည်။
မိုးနည်းသော ဒေသများတွင်လည်း ရာသီဥတုဖောက်ပြန် ပြောင်းလဲမှု၏ ပြင်းထန်သော သက်ရောက်မှုများကို ဆက်လက်ခံစားကြရဦးမည်ဖြစ်ကြောင်း သိရသည်။
ဂါရီဆာ၊ တာကန်နာ၊ မာဆာဘစ်၊ မန်ဒါရာ စသည့်ဒေသများသည် စားရေရိက္ခာမလုံလောက်မှု နှင့် အဆိုးရွားဆုံးကြုံတွေ့နေရကြောင်း မိုးခေါင်ရေရှားမှု လျော့ပါးရေးဆိုင်ရာ အစိုးရအေဂျင်စီက ပြောသည်။
မန်ဒါရာ၊ မာဆာဘစ်၊ ဆမ်ဘူရူ၊ ဘရင်ဂိုနှင့် တာကန်နာ စသည့် ဒေသများအပါအဝင် မိုးနည်းသော ဒေသအများအပြားတွင် ပြင်းထန်သော အာဟာရချို့တဲ့မှုမှာ မြင့်မားနေဆဲဖြစ်သည်။ ၂၀၂၄ ခုနှစ် နိုဝင်ဘာလနောက်ပိုင်း ထိခိုက်ခံစားရသူ အရေအတွက်မှာ ၁ ဒသမ ၈ သန်း ရှိသည်ဟု အဆိုပါ အေဂျင်စီက မှတ်ချက်ပြုပြောသည်။
လတ်တလောတွင် အသက် ခြောက်လမှ ၅၉ လအကြား ကလေးငယ် ၄၇၉၄၉၈ ဦးအပြင် ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင် ၁၁၀၁၆၉ ဦးတို့မှာ ပြင်းထန်အာဟာရချို့တဲ့လျက်ရှိပြီး အရေးပေါ်ဆေးဝါးကုသမှု ခံယူရန်လိုအပ်ကြောင်း အင်န်ဒီအမ်အေက ပြောသည်။
ဆင်ဟွာ