နိုင်ရိုဘီ မတ် ၃၀
ကင်ညာနိုင်ငံတစ်ဝန်း မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် သေဆုံးသူပေါင်း ၁၁၀ အထိ မြင့်တက်လာကြောင်း အာဏာပိုင်များက အတည်ပြုပြောကြားသည်။
ခရိုင် ၃၀ ကျော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် အခြားသောဘေးအန္တရာယ်များကို ကြုံတွေ့ခဲ့ကြရပြီးလူပေါင်းများစွာမှာလည်း ရေဘေးဒဏ်ခံစားနေရကြောင်းနှင့် အရေးကြီးသည့် အခြေခံအဆောက်အအုံများမှာလည်း ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးခဲ့ကြောင်း ပြည်ထဲရေးနှင့် အမျိုးသားစီမံခန့်ခွဲရေးဝန်ကြီးဌာနက ပြောကြားသည်။
မြို့တော်နိုင်ရိုဘီတွင် ရေကြီးရေလျှံမှုကြောင့် သေဆုံးသူ ၃၇ ဦးဖြင့် အများဆုံးဖြစ်ပြီး အရှေ့ပိုင်းဒေသတွင် ၂၆ ဦးနှင့် ရစ်ဖ်ဗယ်လီ ဒေသတွင် ၁၄ ဦး သေဆုံးကြောင်း အဆိုပါဝန်ကြီးဌာနက ပြောကြားသည်။
မိုးသည်းထန်စွာ ဆက်လက်ရွာသွန်းနေသည့်အတွက် ရေဘေးအန္တရာယ်ရှိသည့်ဒေသများတွင် နေထိုင်သော ပြည်သူများအနေဖြင့် နိုးနိုးကြားကြားရှိကြရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အကြံပြုချက်များကို လိုက်နာကြရန် တိုက်တွန်းထားသည်။ ထို့ပြင် အရေးပေါ်တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့များက မြေပြင်တွင် အသင့်စောင့်ဆိုင်းနေသည်ဟု သိရသည်။
ဆင်ဟွာ


