ရန်ကုန် ၂၀ စက်တင်ဘာ
မြန်မာနိုင်ငံ ကင်းထောက်အဖွဲ့ အမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုနှင့် လူငယ်အစီအစဉ်ရေးရာ ကင်းထောက်ညှိနှိုင်းရေးမှူး ဦးဖြိုးသူရဝင်းတို့သည် တရုတ် (တိုင်ပေ) တွင် စက်တင်ဘာ ၂၁ မှ ၂၄ ရက်အထိ ကျင်းပမည့် ကမ္ဘာ့ကင်းထောက် အဖွဲ့ချုပ်နှင့် အာရှပစိဖိတ်ဒေသဆိုင်ရာ ကင်းထောက်အဖွဲ့တို့၏ ဆွေးနွေးပွဲ (Asia-Pacific Regional Workshop on Good Governance)သို့ တက်ရောက်ရန် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့မှထွက်ခွာသွားရာ ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်နှင့် ကင်းထောက် ကြီးများ၊ ကင်းထောက်လူငယ်များက ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။
အဆိုပါ ဆွေးနွေးပွဲသို့ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံပေါင်း ၂၀ ကျော်ရှိ ကင်းထောက် အဖွဲ့ချုပ်များမှ အမျိုးသားကင်းထောက်ချုပ်များ၊ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


