၁၈ ဇွန်

 

နယူးဇီလန် နိုင်ငံမှလွဲပြီး  နိုင်ငံတကာ လေယာဉ်ခရီးစဉ်များ အားလုံးကို အောက်တိုဘာလ နှောင်းပိုင်းအထိ ကွင်းတပ်စ်လေကြောင်းလိုင်းက ဖျက်သိမ်းခဲ့သည်။

 

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှု နှေးကွေးစေရန်အတွက် နိုင်ငံ၏ နယ်စပ်များကို နောက်နှစ်အထိ ပိတ်ထားနိုင်ကြောင်း ဩစတြေးလျအစိုးရက ပြောကြားပြီးနောက် ယခုကဲ့သို့ သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။

 

သြစတြေးလျနိုင်ငံအတွင်း ခရီးသွားလာခွင့်ကိုလည်း ကန့်သတ်ထားသဖြင့် လေကြောင်းလိုင်း ဂျက်စတာသည် ပြည်တွင်းခရီးစဉ်များကို တိုးမြှင့်လျက်ပြေးဆွဲလျက် ရှိသည်။

 

ပြည်တွင်းခရီးသည် အရေအတွက်သည် ပြီးခဲ့အပတ်က ၃၂၀ဝ၀ ရှိခဲ့ပြီးနောက် ယခုအပတ်အတွင်း လေယာဉ်စီးနင်းသည် ခရီးသည်အရေအတွက် နှစ်ဆတိုးလာခဲ့ပြီး  ခရီးသည်ဉီးရေ ၆၄၀ဝ၀ သိသိသာသာ တိုးလာခဲ့သည်။

 

ယခုနှစ်အတွင်း အားလပ်ရက်များတွင် အနားယူကြရန်လည်း   ဩစတြေးလျနိုင်ငံ ခရီးသွားလာရေး ဝန်ကြီးက တိုက်တွန်းထားသည်။

 

ဩစတြေးလျနိုင်ငံသည် နယ်စပ်ကို ကာလအတန်ကြာ ပိတ်ထားမည်ဖြစ်သဖြင့် လေကြောင်းလိုင်းများကိုလည်း အောက်တိုဘာလနှောင်းပိုင်းအထိ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းများ ဖျက်သိမ်းလိုက်ပြီဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းက ဘီဘီစီသို့ ပေးပို့သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

 

ကိုးကား-ဘီဘီစီ

ဘာသာပြန်-မေဇော်ထက်