ကွန်ဟိန်း ၂၈ မတ်
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ၌ အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲအား ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများမှ အင်္ဂလိပ်စကားစွမ်းရည်များ ပြသခြင်း၊ အင်္ဂလိပ်ကဗျာ ရွတ်ဆိုခြင်းများအား ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသင်တန်းဆင်းပွဲသို့ Book Club အသင်းဝင်များနှင့် သင်တန်းသား၊ သင်တန်းသူများ စုစုပေါင်း (၃၅) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရှိရသည်။
MDN


