ကွန်ဟိန်း  ၁၆  မတ်   

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲအား ယနေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်ဦးစီးမှူး   ဒေါ်နန်းပြည့်စန္ဒီမြင့်က ကလေးအလုပ်သမား ပပျောက်ရေး အသိပညာပေး အကြောင်းအရာများ၊ ကလေးဉပဒေအကြောင်း သိကောင်းစရာများအား ဟောပြောခဲ့သည်။

 

ယင်းနောက် ကျောင်းသား ကျောင်းသူများမှ သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။ အဆိုပါ ဟောပြောပွဲအား ကျောင်းသား/ကျောင်းသူများ ဗဟုသုတ တိုးပွားလာစေရန်၊ မိမိကိုယ်ကို ကာကွယ် တတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။   

 

ပြည့်(ပြန်/ဆက်)