ကွန်ဟိန်း ၁၄ အောက်တိုဘာ

 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌  ၅၃ကြိမ်မြောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲအား အောက်တိုဘာ ၁၄ ရက် နံနက် ၇ နာရီက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

1

 

ယင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ၌ ဌာနဆိုင်ရာများ၊အသင်းအဖွဲ့များ၊ဒေသခံပြည်သူများမှ ဆွမ်းဆန်စိမ်း၊ ဆေး၊ ဆပ်ပြာ၊ ဝတ္ထုငွေ အစရှိသည်များကို စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် လောင်းလှူခဲ့ကြသည်။

 

အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကွန်ဟိန်းမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၆ ကျောင်းမှ သံဃာတော် ၁၄၇ပါး အား လောင်းလှူခဲ့ကြကြောင်း သိရသည်။

 

ပြည့်စန္ဒီမြင့်(ပြန်/ဆက်)