ကွန်ဟိန်းမြို့၌ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် မီနီမာရသွန် အပြေးပြိုင်ပွဲ နှင့် ဆုချီးမြှင့် ပွဲကျင်းပ

ကွန်ဟိန်း  ၁  ဇူလိုင် 

ရှမ်းပြည်နယ်(တောင်ပိုင်း)ကွန်ဟိန်းမြို့၌ ၂၀၁၉ ခုနှစ်၊ TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် မီနီမာရသွန် အပြေးပြိုင်ပွဲနှင့်  ဆုချီးမြှင့်ခြင်းအခမ်းအနားကို ဇူလိုင်လ ၁ ရက်နေ့က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

 

8649

 

အပြေးပြိုင်ပွဲအား ကွန်ဟိန်းမြို့မှ တာလွှတ်၍ ဝမ်ပန်ကျေးရွာ၊ဝမ်ပန်ကျေးရွာမှ မြို့နယ်အားကစားကွင်းတွင် ပန်းဝင်ခဲ့ကြသည်။ အဆိုပါအပြေးပြိုင်ပွဲတွင် အမျိုးသား ပန်းဝင်အဆင့် ၃၀ ဦး၊အမျိုးသမီးပန်းဝင်အဆင့် ၃၀ဦး တို့အား ဆုများချီးမြှင့်ပေးအပ်ခဲ့ကြပြီး မြို့နယ်အတွင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၀ဝ)ဦးခန့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

 

8650

 

ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်စော၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းစံထွန်း၊ ရှမ်းပြည်နယ် အားကစား နှင့်ကာယပညာဦးစီးဌာန ၊ညွှန်ကြားရေးမှူး ဦးကျော်ကျော်သိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း နှင့် တာဝန်ရှိသူများမှ ဆုများပေးအပ်ခဲ့ကြောင်း မြို့နယ်(ပြန်/ဆက်)မှ သိရသည်။

MDN