နေပြည်တော်၊ မေ ၉
ကွန်ဟိန်းမြို့နယ်တွင် ငွေကျပ်သိန်း ၅,၀၀၀ ကျော် တန်ဖိုးရှိ ကတ်တမင်းများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၇ ရက် ည ၉ နာရီတွင် ကွန်ဟိန်းမြို့နယ်၊ တာကော်ပူးပေါင်းစစ်ဆေးရေး စခန်းတွင် ကာလိမှ မိုင်းပျဉ်းဘက်သို့ စိုင်းနော်ရှဲန် မောင်းနှင်လာသည့် MITSUBISHI COLT မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅,၀၀၀ ကျော်တန်ဖိုးရှိ ကတ်တမင်း ၆၁ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ ကတ်တမင်းများကို ကာလိမြို့မှ မိုင်းပျဉ်းမြို့သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှု ကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်