ကွန်ဟိန်းမြို့ရှိ ဌာနဆိုင်ရာရုံးများနှင့် အားကစားကွင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ကွန်ဟိန်း       ၂     ဧပြီ   

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကိုဗစ်-၁၉  ကြိုတင်ကာကွယ်ရေးအတွက် ဌာနဆိုင်ရာရုံးများနှင့် ဘုရားရင်ပြင်ခြေရင်းရှိ အများပြည်သူများ လာရောက်အသုံးပြုနိုင်ရန် အားကစားပစ္စည်းများ တပ်ဆင်ထားသည့် အားကစားကွင်းအား  ပိုးသတ်ဆေးဖျန်းခြင်းအား ဆောင်ရွက်ခဲ့သည်။

 

‌ေ

 

မြို့နယ်အုပ်ချုပ်ရေးမှူး၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာန၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။ 

ပြည့်(ပြန်/ဆက်)