ကွန်ဟိန်း ၁၁ ဖေဖော်ဝါရီ
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြို အထက်တန်းအဆင့် ပန်းချီဆွဲပြိုင်ပွဲအား ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၉နာရီခွဲက ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ မြို့နယ်ဦးစီးမှူး ဒေါ်နန်းပြည့်စန္ဒီမြင့်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် အမှတ်ပေး စည်းမျဉ်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပန်းချီပြိုင်ပွဲကို ဆက်လက်ကျင်းပပြီး ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ဆုရရှိသူများအား ဆုများနှင့် ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား မေတ္တာလက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲအားကျောင်းသား/ကျောင်းသူများ နေ့ထူးနေ့မြတ်များကို အစဉ်သတိရနေစေရန်၊ စိတ်ကူးဉာဏ်ရင့်သန်လာစေရန်၊ စာပေကို ချစ်မြတ်နိုးစိတ်တိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ပြည့်စန္ဒီမြင့်(ပြန်/ဆက်)