ကနီမြို့နယ်တွင် (၁၆)ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တိုးချဲ့လူနာဆောင်သစ် ဖွင့်လှစ်

ကနီ ၄ ဖေဖော်ဝါရီ

 

ကနီမြို့နယ် ကင်းကျေးရွာရှိ (၁၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီက စတင်ဖွင့်လှစ်ပြီး ကျေးလက်နေပြည်သူများကို ဆေးကုသပေးလျက်ရှိရာ ယခုအခါ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုပေးနိုင်ရန်အတွက် တိုးချဲ့လူနာဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက အဆိုပါ အဆောက်အဦရှေ့ တွင် ကျင်းပခဲ့သည်။

 

 

 

ကင်းတိုက်နယ်ဆေးရုံ တိုးချဲ့လူနာဆောင်မုခ်ဦးအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွှန့်ဝင်း၊ ယင်းမာပင်ခရိုင် ခရိုင်အုပ်ချုပ်ရေး မှူး ဦးအောင်ဇော်လတ်နှင့် ဆေးရုံ လူနာတိုးချဲ့ဆောင် အလှူရှင် ဦးခင်မောင်ရှိန်မိသားစုတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး တိုက်နယ်ဆေးရုံ တိုးချဲ့လူနာဆောင်ကမ္ပည်းဆိုင်းဘုတ်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ်မြင့်နိုင်မှ စက်ခလုပ်နှိပ်ဖွင့်လှစ် ပေးကြောင်း သိရသည်။

 

ထို့နောက် အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက လက်ခံရယူကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

 

အဆိုပါ ကင်းတိုက်နယ်ဆေးရုံတွင် ကနီမြို့နယ်နှင့် မင်းကင်းမြို့နယ်မှ ကျေးရွာပေါင်း ၃၂ ရွာရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု များပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သန်းဌေးအောင် (ကနီ)