ကနီ ၁ နိုဝင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ကနီမြို့တွင် ၂၀၁၉ ခုနှစ်အောက်တိုဘာ ၃၁ ရက်နေ့က ဥပဒေ အထောက်အကူပေးရေးအဖွဲ့ ရုံးဖွင့်ပွဲကို ကနီမြို့ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆက်လက်ပြုလုပ်ခဲ့ပြီး ဥပဒေ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိသည်။
ခင်ဝင်းကြည်(ပြန်/ဆက်)


