ကနီ  ဇူလိုင် ၈

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူပြုနိုင်စေရန် ရည်ရွယ်၍ နှာခေါင်းစည်း(Mask)များ၊ “လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ မိမိကစ၍ ကာကွယ်ပါ” လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဇူလိုင် (၇)ရက် ညနေ (၄)နာရီက ကနီမြို့လယ်လမ်းတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကနီမြို့နယ် ကိုဗစ်-၁၉ အရေးပေါ်ထိန်းချုပ်ရေးနှင့် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်မိုး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြန်/ဆက်ဦးစီးဌာန၊ ဘေးစီ/မံ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ထုတ်ပြန်ချက်များကို အသံချဲ့စက်ဖြင့် အသိပေးကြေညာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ  အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဆလိုင်း(ပြန်/ဆက်)