နေပြည်တော် ၁၉ ဧပြီ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်အတွင်း ဧပြီ ၁၇ ရက် ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခိုက်မှုကြောင့် အုပ်ပုံကွင်းအောက်စုကျေးရွာပါ (၈)ရွာတို့၌ နေအိမ် (၈၄)လုံးနှင့် ဓမ္မာရုံ (၁)ခု အမိုးလန်ပျက်စီးခြင်းနှင့် နေအိမ် (၁၁)လုံး ပြိုကျပျက်စီးခြင်းများ ဖြစ်ပွားခဲ့သည်။

 

အလားတူ ကယားပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း ဧပြီ ၁၈ ရက် မွန်းလွဲပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နန်းဖဲကျေးရွာ၌ နေအိမ်(၆)လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်းနှင့် ရှမ်းပြည်နယ်၊ ဆီဆိုင်မြို့နယ်အတွင်း ဧပြီ ၁၈ ရက်က လေပြင်းတိုက်ခတ်မှုကြောင့် ဆိုက်ခေါင်ကျေးရွာ၌ ဈေးဆိုင်ခန်း(၄)ခန်း အမိုးလန်ပျက်စီးခြင်း၊ ဆက်သွယ်ရေးကွန်ကရစ်တိုင် (၅)တိုင်လဲကျကာ (၆)တိုင် အောက်ခြေ ကွဲအက်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

 

ရဲပြန်ကြား