ကြံခင်း၊ ၁၄ ဇွန်

 

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင် ကြံခင်းမြို့တွင် ဇွန်လ(၁၃)ရက်မှ စတင်ပြီး ကြံခင်း-ဟင်္သာတတွင် (၁၈၉)အဆန်နှင့် (၁၉၀)အစုန်လော်ကယ်ရထားပြန်လည်ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

 

ကြံခင်းမြို့တွင် ဖေဖော်ဝါရီလ ၉ ရက်မှ စတင်ကာ အမှတ်(၉)တိုင်းနယ်မြေအတွင်းမှ ရထားအားလုံး ပြေးဆွဲမှုရပ်ထားရာမှ ခရီးသွားပြည်သူများနှင့် ကုန်သွယ်စီးဆင်းမှုအဆင်ပြေစေရန် အမှတ်(၁၈၉) အဆန်နှင့်(၁၉၀)အစုန်လော်ကယ်ရထားအား ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

အဆိုပါ လော်ကယ်ရထားတွင် လူစီးတွဲကြီး(၂)တွဲ၊ လူစီးတွဲလေး(၁)တွဲ၊ ပါဆယ်တွဲ(၁)တွဲနှင့် ဘရိတ်တွဲ(၁)တွဲ ချိတ်ဆွဲပြေးဆွဲသွားမည်ဖြစ်သည်။

 

(၁၈၉)အဆန်လော်ကယ်ရထားသည် ဟင်္သာတမြို့မှ နံနက်(၆)နာရီတွင် စတင်ထွက်ခွာမည်ဖြစ်ပြီး ကြံခင်းမြို့သို့ နံနက်(၁၀နာရီ ၄၅မိနစ်)တွင် ရောက်ရှိမည်ဖြစ်ကြောင်း၊ အလားတူ (၁၉၀)အစုန် လော်ကယ်ရထားသည်လည်း ကြံခင်းမြို့မှနေ့လည်(၁၂)နာရီ စတင်ထွက်မည်ဖြစ်ပြီး ဟင်္သာတမြို့သို့ ညနေ(၅)နာရီတွင် ရောက်ရှိမည်ဖြစ်ကြောင်း ကြံခင်းမြို့မီးရထားရုံပိုင်ကြီး ဦးမောင်မောင်ဦးထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)