ကြံခင်း၊ ၃၁ ဒီဇင်ဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်၊ ဘုရားကြီးလမ်းရှိ ဈေးဆိုင်ခန်းတွင် ဒီဇင်ဘာ ၃၀ ရက်ည ၁၂နာရီ ၅မိနစ် က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင် အပါအဝင် မီးသတ်တပ်ဖွဲ့ဝင် (၂၆)ဦးမှ ရေသယ်ယာဉ် (၂)စီး မီးငြှိမ်းသတ်ယာဉ် (၁)စီးဖြင့် မီးသတ်စက်ယာဉ်(၁) စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်စဉ်မှာ ဈေးဆိုင်အလုပ်သမား ဦးသက်ဝင်းခိုင် (၄၃)နှစ် (ဘ) ဦးလှိုင်ဝင်းက ထရံအနီး ခြင်ဆေးခွေထွန်းရာမှ အကာထရံသို့ မီးကူးစက်လောင်ကျွမ်းခြင်း ဖြစ်သည်။ မီးလောင်မှုကြောင့်ဈေးဆိုင်ခန်း (၂)ခန်း၊ တရုတ်ဆိုင်ကယ်(၂)စီး နှင့် ဆိုင်ကယ် ပြင်ရာတွင်အသုံးပြုသည့် computer box (၂) လုံးပျက်စီးခဲ့ကြောင်း လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာထိခိုက်မှု မရှိကြောင်း သိရသည်။

 

မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြံခင်းမြို့နယ် ရဲစခန်းမှ ဦးသက်ဝင်းခိုင် (၄၃)နှစ် အား အမှုဖွင့်အရးယူထားကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)