ကြံခင်း  ၁၇  နိုဝင်ဘာ 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၁၉ ခုနှစ် (၉၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ကြံခင်းမြို့ အ.ထ.က(၁) ကျောင်းတွင် ကျင်းပခဲ့သည်။

 

2221

 

ပြိုင်ပွဲတွင် အမျိုးသားအောင်ပွဲနှင့် ကျောင်းသားတာဝန် ခေါင်းစဉ်ဖြင့်  အထက်တန်းနှင့် အလယ်တန်းဆင့် စာစီစာကုံးကို လည်းကောင်း၊ အမျိုးသားအောင်ပွဲနေ့ အဓိဌာန်ခေါင်းစဉ်ဖြင့် အထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကဗျာပြိုင်ပွဲတို့ကို ကျင်းပပြုလုပ်ခဲ့သည်။

ပြိုင်ပွဲများတွင် မြို့နယ်အတွင်းရှိ အခြေခံကျောင်းများမှ ကျောင်းသား ကျောင်းသူများ၊ ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအနေဖြင့် တိုင်းဒေသကြီးအဆင့်တွင် ဆက်လက် ယှဉ်ပြိုင်မှာဖြစ်ကြောင်း သိရသည်။

မိုးမိုး (ပြန်/ဆက်)