ကြံခင်း ၁၀ နိုဝင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့၌ ၂၀၁၉ ခုနှစ် မိုးစပါးမျိုးသစ် စိုက်ပျိုးထုတ်လုပ်မှုနှင့် စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ဇီးပင်ကွင်းအုပ်စု အုတ်ပုံကွင်း တောင်သူ ဉီးကျော်စိုး၏ ကွင်းအမှတ် (၇၀) လယ်ယာစပါးကွင်း၌ ပြုလုပ်ခဲ့သည်။
အဆိုပါ မိုးစပါး မျိုးသစ်စံကွက် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ကျော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်မော်မော်သန်းက ကွင်းသရုပ်ပြကွက်တွင် စိုက်ပျိုးထားသည့် ဆင်းသုခကောက်စပါးများ၏ စိုက်ပျိုးမှု အဆင့်ဆင့်ကို တက်ရောက်လာကြသည့် တောင်သူများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးကျော်ကျော်လွင်က မြို့နယ်စိုက်ပျိုးရေးဉီးစီး အရာရှိနှင့် ဝန်ထမ်းများ၊ ဖြိုးစည်သူ ကုမ္ပဏီမန်နေဂျာနှင့် အဖွဲ့များက တောင်သူများ စံကွက်ရိတ်သိမ်းမှုကို ကြည့်ရှု အားပေးခဲ့ရာ တောင်သူဉီးကျော်စိုး၏ ဆင်းသုခစပါးမျိုး စံကွက်ရိတ်သိမ်းမှုတွင် တစ်ဧကလျှင် အစိုဓာတ် (၉)တင်းနှုန်း ထွက်ရှိကြောင်း သိရှိရသည်။
မိုးမိုး (ပြန်/ဆက်)


