ကြံခင်း  ဇူလိုင်    ၂

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်  ကြံခင်းမြို့နယ် အားကစားခန်းမတွင်  ယမန်နေ့  ညနေပိုင်းက ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်(TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား  ဘော်လီဘော၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

ဆုချီးမြှင့်ပွဲ့အခမ်းအနားတွင် ဘော်လီဘောပြိုင်ပွဲမှ ဆုရရှိကြသော အားကစားအသင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ငွေသားဆုများကိုလည်ကောင်း၊ ဆက်လက်ပြီး ပိုက်ကျော်ခြင်းပြိုင်ပွဲတွင်  ဆုရရှိကြသော အားကစားအသင်းများကို  မြို့နယ်မီးသတ်ဦးစီးအရာရှိ  ဦးကိုကိုနိုင်နှင့် တာဝန်ရှိသူများက ဆုဖလားနှင့် ငွေသားဆုအားလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းတန်နှင့် အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယဉ်သူဇာလွင်နှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်  နှင့်မြို့နယ်အားကစားဆပ်ကော်မတီအဖွဲ့ဝင်များ၊ အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)