ကြံခင်း ၆ အောက်တိုဘာ

 

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ခုံကြီးအုပ်စု အလယ်ရွာကျေးရွာ ရွှေခဲဘုန်းကြီး ကျောင်းတွင် မြို့နယ်ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ဒေါက်တာဝင်းနိုင် ဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုကို အောက်တိုဘာ ၄  ရက်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုတွင် ပြည်သူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်း၊ ကူးစက်တတ်သောရောဂါနှင့် မကူးစက်တတ်သော ရောဂါများကို ခွဲခြားသိစေရန်နှင့် ကြိုတင်ကာကွယ်ရေး နည်းလမ်းများကိုပါ ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဒေါက်တာဝင်းနိုင် ဉီးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ခုံကြီးကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူ(၁၉၂)ဉီးအား ထွေထွေရောဂါ စမ်းသပ်ကုသပေးခြင်း၊ သွားကျန်းမာရေးအတွက် စစ်ဆေးကုသပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။  

 

ပို့ပို့ (ပြန်/ဆက်)