ကြံခင်း ဇွန် ၈

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၂ ခုနှစ် မိုးစပါးစိုက်တောင်သူများ စိုက်ပျိုးရာသီချိန်တွင် လုပ်ငန်းခွင်အဆင်ပြေစေရေးအတွက် ယနေ့နံနက် ၈ နာရီက ကြံခင်းမြို့နယ် ရွှေပန်းတောကျေးရွာအုပ်စုရှိ တောင်သူများအား ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ထုတ်ချေးပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာဒေါ်ရီရီဆွေနှင့် တာဝန်ရှိသူများမှ ရွှေပန်းတော အုပ်စုရှိ တောင်သူ (၅၃)ဦး၏ ဧက (၃၃၀) လယ်ဧကအတွက် တစ်ဧကလျှင် ကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ကျပ် ၄၉၅၀၀၀၀၀ အား ထုတ်ချေးပေးခဲ့သည်။

 

ကြံခင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးစပါးချေးငွေများကို မေ ၁၆ ရက်မှ စတင်ထုတ်ချေးပေးလျက်ရှိရာ ကျေးရွာအုပ်စု (၁၃)အုပ်စုရှိ မိုးစပါးစိုက်တောင်သူ (၃၅၇)ဦး၊ လယ်ဧက (၂၁၁၈)ဧကအတွက် ကျပ် ၃၁၇၇၀၀၀၀၀ ထုတ်ချေးပေးပြီးဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာထံမှ သိရသည်။

 

မြို့နယ်(ပြန်/ဆက်)