ကြံခင်း ၁ စက်တင်ဘာ
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ညောင်ဝိုင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းကို လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း ထောက်ပံ့ရန်ပုံငွေ (၅၀)သိန်း၊ ပြည်သူထည့်ဝင်ငွေ ၁ ဒသမ ၁၅ သိန်းဖြင့် အလျား ၁၂၀ ပေ၊ အကျယ် ၈ ပေ၊ အမြင့် ၆ လက်မထု ကွန်ကရစ်လမ်းခင်းခြင်းနှင့် အလျား ၃၈၀ ပေ၊ အကျယ် ၂ ပေ ၆ လက်မ၊ အမြင့် ၆ လက်မထု ကွန်ကရစ်ဘီးလမ်း ခင်းခြင်းလုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် ညောင်ဝိုင်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာရှိ ဒေသခံပြည်သူများ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လယ်ယာထုတ်ကုန်များအား မြို့နှင့်မခြား လွယ်ကူလျင်မြန်စွာ ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်(ကျေးလက်)


