ကြံခင်း၊ ၂၈  ဇန်နဝါရီ  

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်တွင် ကျန်းမာရေးဝန်ကြိးဌာန လက်အောက်ရှိ ဝန်ထမ်များအား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၈ နာရီက ကြံခင်းမြို့ ပြည်သူ့ဆေးရုံရှိ သင်တန်းဆောင်ခန်းမ၌ ပြုလုပ်သည်။

 

ကြံခင်းမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၅၈ ဦး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဝန်ထမ်း သုံး ဦး၊ တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဝန်ထမ်း နှစ်ဦး စုစုပေါင်း ၁၆၃ ဦးတို့အား နှစ်ရက်အကြာ ထိုးနှံ ပေးသွားမည်ဖြစ်ပြီး ပထမအကြိမ် ထိုးနှံပြီးသူများအနေဖြင့် ၂၈ ရက်အကြာ၌ ဒုတိယအကြိမ် ထမ်မံ ထိုးနှံပေးသွားမှာ ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 

လှိုင်ပို့ပို့ဇင်(ပြန်/ဆက်)

 

mdn