ကြံခင်း  ဇူလိုင်   ၇

 

ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ်၌ မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊    မိုးစပါးအထွက်နှုန်း တိုးတက်ထွက်ရှိစေရေးအတွက်  သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်းခြင်းကို ဇူလိုင် ၇ ရက် က    ဇီးပင်ကွင်းကျေးရွာအုပ်စု   တောင်သူဦးကျော်စိုး၏ လယ်မြေ သုံးဧက၌ ဆောင်ရွက်သည်။

 

သစ်စိမ်းမြေဩဇာထည့်သွင်း ခြင်းကို မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်   မြို့နယ်စိုက်ပျိုး ရေးဦးစီးမှူး ဦးစတိုင်းသာယာနှင့် ဝန်ထမ်းများ၊  ဒေသခံတောင်သူများက     ကြည့်ရှုလေ့လာကြသည်။

 

ကြံခင်းမြို့နယ်၌   မြေဆီလွှာ   ဖွံ့ဖြိုး   တိုးတက်စေရေးအတွက် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ဧက ၃၄၀ဝ စိုက်ပျိုးထားရှိကာ ယနေ့ အထိ ကျေးရွာအုပ်စု ၂၀ မှ တောင်သူ ၁၁၁၄ ဦး၏   လယ်မြေ  ဧက ၃၄၀ဝ တွင် သစ်စိမ်းမြေဩဇာများ ထည့်သွင်းပြီးဖြစ်ကြောင်း  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)