ကြံခင်း နိုဝင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့ပေါ်ရပ်ကွက်များသို့ ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရား ဒေသစာရီအပူဇော်ခံရန် ကြွချီကြောင်း သိရသည်။
ကြံခင်းမြို့ပေါ်ရပ်ကွက်(၃)ခုတွင် နေထိုင်ကြသော အလှူရှင်များအနေဖြင့် ကြံခင်းမြို့နယ်လုံးဆိုင်ရာ ဒီပင်္ကရာမြတ်စွာဘုရား မြို့ပေါ်ရပ်ကွက်များသို့ လှည့်လည်အပူဇော်ခံရာ အလှူရှင်များမှ ဆီမီး၊ ပန်းနှင့် လှူဖွယ်ဝတ္တု အစုစုတို့အား လှူဒါန်းကြကြောင်း သိရသည်။
ထိုသို့ လှည့်လည်အပူဇော်ခံပြီး မြို့မရပ်ကွက်အတွင်းရှိ ဒီပင်္ကရာ ဘုရားတန်ဆောင်းအတွင်း ကိန်းဝပ်စံပယ်မည်ဖြစ်ပြီး တန်ဆောင်မုန်းလဆန်း(၈)ရက်နေ့မှစပြီး အပူဇော်ခံမှာဖြစ်ရာ တန်ဆောင်မုန်းလဆန်း (၁၄)ရက်နေ့တွင် ဆွမ်းတော်ကြီး ဆက်ကပ်လှူဒါန်းပြီး၊ တန်ဆောင်မုန်းလပြည့်နေ့နံနက် အာရုဏ်တတ်ချိန်တွင် ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြို့တွင်းသို့ နောက်ပါသံဃာတော်များဖြင့် ဒေသစာရီအပူဇော်ခံမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
မိုးမိုး(ပြန်/ဆက်)


