ကြံခင်း ၂၀ ဇူလိုင်

 

ဧရာဝတီတိုင်းဒေသကြီး အမှတ်(၅)အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်း၏ ချိတ်ဆက်ကူညီမှုဖြင့် ကြံခင်းမြို့ပြည်သူ့ဆေးရုံသို့ MTM Maritime Center (CSR) Team မှ Multi parameter Patient monitor စက်လှုဒါန်းခြင်းကို ယမန်နေ့က ကြံခင်းမြို့ပြည်သူ့ဆေးရုံသင်တန်း ခန်းမတွင်ပြုလုပ်ခဲ့ကြောင်း သိရသည်။

  

ပထမဦးစွာ MTM Maritime Center (CRS)Teamမှ ကပ္ပတိန်သန်းနိုင်ထွန်းက လှူဒါန်းရခြင်း အကြောင်းအား ရှင်းလင်းပြောကြားပြီး မြို့နယ်ကုသရေးနှင့် ကျန်းမာရေးဦးစီးမှူးဒေါက်တာဝင်းနိုင်က လှူဒါန်းပေးမှုအား ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် MTM Maritime Center(CSR)Team အဖွဲ့မှ တာဝန်ရှိသူများက Multi   parameter  Patient monitor စက်ကိုပေးအပ်လှူဒါန်းရာ ကြံခင်းမြို့  မြို့နယ်ကုသရေးနှင့်ကျန်းမာရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က လက်ခံခဲ့ကြောင်း သိရသည်။

 

မိုးမိုး(ပြန်/ဆက်)