ကြံခင်းမြို့တွင် အောက်ဆီဂျင်စက်ရုံတည်ဆောင်မည့်မြေနေရာအား မြေသန့်ပန္နက်တင် 

mdn

 ကြံခင်း  ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး  ဟင်္သာတခရိုင်  ကြံခင်းမြို့ မင်းသီရိ(၂)ရပ်ကွက် လမ်းမတော်လမ်းနှင့် ဘိုးဘွားရိပ်သာ လမ်းထောင့်ရှိ သာသနာ့နယ်မြေတွင်တည်ဆောက်မှာဖြစ်ပြီး ဩဂုတ်(၁)ရက် နံနက် (၇)နာရီခွဲက ကြံခင်းမြို့ စာချကျောင်းဆရာတော် ဦးဝိစိတ္တနှင့် သံဃာတော်များထံမှ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေးကြီးကြပ်မှု ကော်မတီအဖွဲ့များက ငါးပါးသီလ နာယူဆောက်တည်ပြီးဆရာတော်၊သံဃာတော်များက ပရိတ်၊ပဌာန်းတရားတော်များရွတ်ဖတ်ကြသည်။

အဆိုပါအောက်ဆီဂျင်စက်ရုံတည်ဆောက်မည့်မြေအကျယ်အဝန်းမှာဧရိယာ(၁.၂၁၀)ရှိပြီး၊ အလျားပေ (၂၀) ၊အနံပေ(၃၀)အရွယ်ရှိ. RC တစ်ထပ်အဆောက်အဦးအမျိုးအစားဖြစ်ကြောင်း၊ ဩဂုတ်လ(၁)ရက်မှ စတင်တည်ဆောက်မည်ဖြစ်ပြီးခန့်မှန်းကာလအနေဖြင့်တစ်လခွဲအတွင်းအပြီးဆောင်ရွက်နိုင်ရေးနှင့်ခန့်မှန်းကုန်ကျငွေသိန်း(၈၅၀)ဖြစ်ကြောင်းသိရသည်။

အောက်စီဂျင်စက်ရုံကို စက်တင်ဘာလကုန်တွင် အပြီးတပ်ဆင်တည်ဆောက်ပြီးစီးမည်ဟု ခန့်မှန်းထားကြောင်းနှင့် စက်ရုံပြီးစီးပါက တစ်ရက်လျှင် 40L အောက်ဆီဂျင် အိုး အလုံး ၆၀ ထုတ်လုပ်ရရှိနိုင်မှာဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)