ကြံခင်း  အောက်တိုဘာ   ၂၆

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့တွင်  မြို့နယ်ပညာရေးဌာန၏ဦးဆောင်မှုဖြင့် ကျောင်းသား/သူများ၏ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်ဖွံ့ဖြိုးစေရေးနှင့် ဖြတ်ထိုးဉာဏ်ရှိစေရန်ရည်ရွယ်ပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲ ကျင်းပခြင်းကိုယနေ့နံနက်()နာရီအချိန်က အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

 

ပြိုင်ပွဲမစတင်မှီ မြို့နယ်ပညာရေးမှူးဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှဆရာကြီး၊  ဆရာမကြီးများနှင့် အခန်းစောင့်ဆရာ၊ ဆရာမများက မြို့နယ်အဆင့်အင်္ဂလိပ်စာ၊  သင်္ချာစွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများအား ပြိုင်ပွဲဝင်သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ထိုနောက်ပြိုင်ပွဲစတင်ကျင်းပရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည် ဝင်ရောက်ဖြေဆိုကြမည့် မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှရွေးချယ်ခံရသော   Grade(5)မှ(၂၁)ဦးနှင့် Grade(6 )မှ Grade(9)အထိ(၁၁၇)ဦးတို့က အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်(၆၃)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲတွင်(၇၅)ဦးတို့ ဝင်ရောက်ဖြေဆိုကြပြီး  ဖြေဆိုအောင်မြင်သောကျောင်းသား/သူများအနေဖြင့် တိုင်းဒေသကြီးအဆင့် အင်္ဂလိပ်စာနှင့်သင်္ချာစွမ်းရည်ပြိုင်ပွဲများတွင် ဝင်ရောက်ဖြေဆိုရမှာဖြစ်ကြောင်း မြို့နယ်ပညာရေးမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

မြို့နယ်(ပြန်/ဆက်)