ကြံခင်း ဇန်နဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး ၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများက မြို့ပေါ်ရှိ သမိုင်းဝင်ဘုရားစေတီပုထိုးများနှင့် ဘက်ရဲမြို့ မိုးမခဘုရားဝန်းအတွင်းရှိစေတီ၊ ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ခြင်း၊ ကျောင်းကန်များတွင် သန့် ရှင်းရေးကုသိုလ်ပြုခြင်းများကို ယမန်နေ့ ညနေပိုင်းက ဆောင်ရွက်ကြသည်။
ကြံခင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုပေါင်း၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဘုရားစေတီ ပုထိုးများ ရောင်တော်ဖွင့်ခြင်း၊နှင့် ဘုရားဝန်းအတွင်းအပြင် သန့်ရှင်းသာယာလှပစေရန် ရေသပ္ပာယ်ခြင်း၊ တံမျက်လှည်းခြင်း ၊ ရေဖျန်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်းတို့ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)