ကြံခင်း အောက်တိုဘာ ၂

 

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် Oxygen စက်ရုံဖွင့်ပွဲခမ်းအနားကို အောက်တိုဘာ ၂ ရက်နံနက်ပိုင်းက ကြံခင်းမြို့ လမ်းမတော်လမ်း မြို့ဦးရပ်ရှိ အောက်ဆီဂျင်စက်ရုံဝန်း တွင် ကျင်းပခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး ဥက္ကဋ္ဌဦးသိန်းတန်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်နှင့် မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်တို့က Oxygen စက်ရုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက်တွင် Oxygenစက်ရုံအတွင်း အမွှေးနံ့သာများဖြင့် ပက်ဖျန်းပြီး လှည့်လည်ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးသိန်းတန်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီဥက္ကဋ္ဌဦးစိုးမြင့်က Oxygenစက်ရုံ အောင်မြင်စွာ တည်ဆောက်နိုင်မှု၊ ထုတ်လုပ်နိုင်မှုအခြေအနေများ၊ ရေရှည်ဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက် ၍ ရှင်းလင်းပြောကြားသည်။

 

ဆက်လက်ပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာဝင်းနိုင်က Oxygenစက်ရုံ တည်ဆောက်ဖွင့်လှစ်နိုင်သဖြင့် စေတနာရှင်အလှုရှင်ပြည်သူများနှင့် စက်ရုံတည်ဆောက်ရေး ကော်မတီအဖွဲ့များကို ကျေးဇူးတင်စကားပြောကြားခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းတန်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသန့်ဇင်မျိုးနှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုးမြင့်နှင့် ကော်မတီအဖွဲ့များ၊ စေတနာရှင်အလှုရှင်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။    

      

မြို့နယ်(ပြန်/ဆက်)